ဘားအံ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲနိုင်ရေး အသုံးစရိတ်စိစစ် သည့် အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ မူဝါဒများချမှတ်ထားပြီး ဦးစားပေးအစီအစဉ်အလိုက်ရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ လျာထားစိစစ် သွားမည်ဖြစ် ကြောင်း၊ ထိုသို့စိစစ်ခြင်းအားဖြင့် ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုကို နည်းပါးစေ မည်ဖြစ်ပြီး စနစ်တကျဖြင့် ထိရောက်သည့် သုံးစွဲမှုများဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ရွေးချယ် ဆောင်ရွက်ထားသည့် စီမံကိန်းလုပ်ငန်းများအပေါ် မူတည်၍ အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်ခြင်းကို တက်ရောက်လာသူများမှ ဝိုင်းဝန်းပူးပေါင်း၍ စနစ်တကျဖြင့် ဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးက အရအသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲ တင်ပြထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက အသုံးစရိတ်များ တင်ပြတောင်းခံထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အသုံးစရိတ်များအား စိစစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အဆိုပါ အသုံးစရိတ်စိစစ်သည့် အစည်းအဝေး ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ် စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဗိုလ်ချုပ် လမ်းဘေးဝဲယာတွင် ၅ ပေအကျယ် အရှည် ၅၅၂၃ ပေရှိ ပလပ်ဖောင်းပြုလုပ် ခြင်းလုပ်ငန်း ဆောင်ရွက်မည့် နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကန်သာယာပတ်လမ်း Steel Strucrure Decking ပြုလုပ်ခြင်း လုပ်ငန်း (၇၀ ပေ x ၃၅ ပေ) ကိုလည်းကောင်း၊ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံ ကြီးအနီး တွင် (၉ပေ x ၁၅ ပေ) ရှိ ဈေးဆိုင်ခန်း (၁၁) ခန်း တည်ဆောက်ရန် မြေပြင်ကွင်းဆင်းတိုင်းတာနေမှု အခြေအနေများကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)