လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ ပဲပုပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

လှိုင်းဘွဲ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းကျေးရွာ တိုက်နယ် အုပ်စု၌ ဆောင်းသီးနှံအဖြင့် မြေပဲ၊ နှမ်း၊ ပဲပုပ်စိုက် ခင်းများကို တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။

ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ လယ်မြေဧက(၂၀)၌ ရွှေဂွန်းကျေးရွာ တွင် နေထိုင်လျက်ရှိသော စိုက်ပျိုးရေးဦးစီး ဌာနမှ ဦးစီးအရာရှိ(ငြိမ်း)က ဆရာတော်ကြီး၏ စေခိုင်းမှုအရအခု ဆောင်းသီးနှံဧက (၂၀) ကို ဒီနှစ်စပြီးစိုက်ပျိုးလုပ် ကိုင်နေပါ ကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ(၁၄)ဧက၊ ဒေသတွင်း စားသုံးမှုများ သည့် ပဲပုပ်(၅) ဧက၊ ကုလားပဲနှင့် စားတော်ပဲ(၁)ဧကကို စိုက်ပျိုးထားလျက်ရှိ ကြောင်း၊ မိမိအနေဖြင့် တောင်သူများအတွက် စံပြဖြစ်ရအောင် သိပ္ပံနည်းကျစိုက်ပျိုး စနစ်ကို ပြုပြင်ပြောင်း လဲခြင်း၊ ပေါင်းသတ်ဆေးနှင့် ရွက်ဖြန်းမြေသြဇာများကို စနစ်တကျ သုံးစွဲပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ကုန်ကျမှုနှင့်တွက်လျှင် မိမိတို့၏ စိုက်ခင်းသီးနှံ အထွက်နှုန်းမြင့်မှ ဝင်ငွေအချို့ မြင့်မားလာမည်ဖြစ်ကြောင်း၊ မိမိတို့၏ လယ်ယာ၊ ကိုင်းကျွန်းမြေများကို အသုံးပြု စိုက်ပျိုးကြရာတွင် ဓာတ်မြေသြဇာကို အားပြုမနေသင့်ကြောင်း၊ သဘာဝမြေသြဇာများ ကိုယ်တိုင် ပြုလုပ်နိုင်သည့် နည်းစနစ်များကိုလည်း တောင်သူများအား သင်ပြ၊ ပြောပြပေးလျက်ရှိကြောင်း ရှင်းပြသည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ ရွှေဂွန်းတိုက်နယ်၊ တာပေါင်တိုက်နယ်နှင့် ကျေးရွာအုပ်စု များတွင် ဆောင်းသီးနှံ မြေပဲစိုက်ဧက (၅၀၀၀) ကျော်၊ ပဲပုပ် စိုက်ဧက (၅၀၀၀) ကျော်၊ နှမ်းစိုက်ဧက (၃၀၀၀) ခန့်ကို ကျေးရွာနေ တောင်သူများက စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (အငြိမ်းစား) ဝန်ထမ်းတစ်ဦးဖြစ် သည့် ဦးကြည်ဝင်းက ပြောဆိုရှင်းပြခဲ့သည်။

လင်းသန့်(ပြန်/ဆက်)