ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်

ဘားအံ    ဒီဇင်ဘာ   ၂၉

ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို ဘားအံခရိုင်  (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က မြန်မာ့ လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ် ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောပြီး၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်များ၊ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ဘားအံမြို့နယ် အ-ထ-က(၄)ကျောင်းမှ ကျောင်းသား/သူများက လာရောက်လေ့လာ မှတ်သားကြကြောင်း သိရှိရသည်။

ခရိုင် ပြန်/ဆက်