အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (၇/၂၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ် သည်။
Dec 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စစ်တုရင် ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtty Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ က ပြုလုပ်ကျင်းပခဲ့သည်။
Dec 29,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊‌ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ စည်ပင်သာယာရေးဌာနမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များ ရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား အိမ်နံပါတ်၊ လမ်းအမည်များ သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။