အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများက အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်း သိရသည်။
Dec 30,2021
ကရင်ပြည်နယ်၊  မြဝတီမြို့တွင်၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Dec 30,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြေပုံမြို့နယ် အောက်ဆီဂျင် စစ်ရုံဖွင့်ပွဲသို့ တက်ရောက်ပြီး မြို့နယ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Dec 30,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောလီဘောပြိုင်ပွဲကို  ကရင် ပြည်နယ် အစိုးရအဖွဲ့လက်အောက်ခံ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးအတွင်းရှိ ဘောလီ ဘော လုံးကွင်းတွင် ယမန်နေ့ ညနေ(၂)နာရီအချိန်ခန့်က  စတင်ကာ ကျင်းပပြုလုပ်ကြောင်း  သိရသည်။
Dec 30,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် ဦးစားပေးအစီအစဉ်ဖြင့် ရဟန်း သံဃာ တော်များ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့မှ စေတနာ့ဝန်ထမ်းများအသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် အသက် (၁၂)ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိသည့်အပေါ်မူတည်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကျေးရွာများရှိ ဒေသခံမိဘ ပြည်သူများအား သတ်မှတ်ထားသည့် ကာကွယ်ဆေးများ ထိုးနှံရန်ဖွင့်လှစ်ထားသည့် နေရာ ဌာနများ၌ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကြက်ခြေနီ အထွေထွေ ရောဂါကု အခမဲ့ဆေးခန်းတွင် လိုအပ်သောဆေးဝါးများအား အလှူရှင်များမှ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
Dec 30,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အားကစား ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ အခြေခံပညာ အလယ်တန်းကျောင်း (ကြက်တည်)တွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။