ဒဂုံဆိပ်ကမ်းမြို့နယ် ကြက်ခြေနီအထွေထွေရောဂါကု ဆေးခန်းအတွက် အလှူရှင်များမှ ဆေးဝါးများ လှူဒါန်း

ဒဂုံဆိပ်ကမ်း   ဒီဇင်ဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကြက်ခြေနီ အထွေထွေ ရောဂါကု အခမဲ့ဆေးခန်းတွင် လိုအပ်သောဆေးဝါးများအား အလှူရှင်များမှ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကြက်ခြေနီအထွေထွေရောဂါကု အခမဲ့ဆေးခန်းကို မတ်လ ၂၀ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဖွင့်လှစ် ကုသပေးလျက်ရှိပြီး တစ်ပတ်လျှင်  ၃ ရက်၊တစ်နေ့လျှင် လူနာပျှမ်းမျှ ၅၀ဦးမှ ၆၀ ဦးအထိ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ အခမဲ့ ကုသပေးလျက် ရှိကြောင်း သိရသည်။

ကြက်ခြေနီ အထွေထွေရောဂါကု အခမဲ့ဆေးခန်းကို အမှတ် ၉၄ ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ပိတောက်လမ်း B ၊တိုက် ၂၈၊အခန်း ၀၀၂ တွင်ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

ဖြိုးစန္ဒာကျော်