ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် ဦးစားပေးအစီအစဉ်ဖြင့် ရဟန်း သံဃာ တော်များ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ လူမှုရေး အသင်းအဖွဲ့မှ စေတနာ့ဝန်ထမ်းများအသက်(၁၈)နှစ်အထက် မိဘပြည်သူများနှင့် အသက် (၁၂)ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရရှိသည့်အပေါ်မူတည်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ကျေးရွာများရှိ ဒေသခံမိဘ ပြည်သူများအား သတ်မှတ်ထားသည့် ကာကွယ်ဆေးများ ထိုးနှံရန်ဖွင့်လှစ်ထားသည့် နေရာ ဌာနများ၌ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် အကြိမ်ရေပြည့်ထိုးနှံပြီးခဲ့သည့် မိဘပြည်သူများအား နိုဝင်ဘာလ(၃)ရက်နေ့၌ အပိုဆောင်းအဖြင့် ပထမအကြိမ်ထိုးနှံပေးခဲ့ ပြီး ယနေ့နံနက်ပိုင်းတွင်ဒုတိယအကြိမ် အကြိမ်ရေပြည့်အား အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ် လမ်းရှိ မြို့နယ်ဇမိခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်စီမံ‌ဆောင်ရွက် မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူသူနာပြု ဆရာ ဆရာမများ ကျန်းမာ ရေးဝန်ထမ်းများမှ စနစ်တကျစီမံ ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စု ကျေးရွာများရှိ မိဘာပြည်သူများမှ အလေးအနက်ဂရုပြုပြီး လာရောက်ထိုးနှံလျက် ရှိကြောင်း သိရသည်။

မျိုးမင်းဦး