မြဝတီ ဒီဇင်ဘာ ၃၀
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘောလီဘောပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့လက်အောက်ခံ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးအတွင်းရှိ ဘောလီ ဘောလုံးကွင်းတွင် ယမန်နေ့ ညနေ(၂)နာရီအချိန်ခန့်က စတင်ကာ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဘောလီဘောလုံးပြိုင်ပွဲကို (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို)အဖြစ် မြို့နယ်အတွင်း၌ မျိုးဆက်သစ်လူငယ် ကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲမှ ဆုရရှိသည့်အသင်းများကို အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံးဦးစီးအရာရှိ ဦးနိုင်စိုးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)