Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 30,2021
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများ သို့ ကရင်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက်လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အထကကျောက်တံတားတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းမှစ၍ စည်ကားသိုက်မြိုက် စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင်အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့) တွင် နံနက် (၁ဝ) နာရီအချိန်မှ မွန်းလဲ(၁) နာရီအချိန်ထိ Sinopharm (5 Dose) Second Dose ကို ထိုးနှံသူ (၂၅၀)ဦးနှင့် (Phase 5)Sinovac (2 Dose) First Doseကိုထိုးနှံသူ (၁၀၈) ဦး စုစုပေါင်း(၃၅၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုး ရွေးချယ်
Dec 30,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့် နောက်ထပ်ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးကို ယနေ့နံနက် ၉ နာရီမှစတင်၍ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်
Dec 30,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှအလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်၌ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကာတွန်း ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ…
Dec 30,2021
ကျောင်းသားလူငယ်များ ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုမှ ထိန်းချုပ်ကာကွယ် နိုင်ရန် အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23357
Page
23358
Page
23359
Page
23360
Current page
23361
Page
23362
Page
23363
Page
23364
Page
23365
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department