အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်း အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းအနောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့၊ အမေထွား (ပဲဆီသန့်) မိသားစုက ငွေအကုန်အကျခံ၍ ပွင့်ဖြူမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့် ဒေသခံ ကျေးလက်နေ ပြည်သူများ စုပေါင်းပြီး ဒီဇင်ဘာ ၂၆ ရက် နေ့က စတင်၍ ယာယီဝါးတံတား ဆောက်လုပ်လျက်ရှိရာ ယခုအခါ အဆိုပါ တံတားဆောက်လုပ်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့၊ အနောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင် ထံမှ သိရသည်။
Dec 30,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှမ်းစုရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် မုန့်အမျိုးမျိုး ပြုလုပ်ရောင်းချခြင်းမှ အဆင်ပြေလျက်ရှိပြီး လုပ်ငန်းများ တိုးချဲ့၍လုပ်ကိုင် လျက်ရှိကြောင်း မုန့်လုပ်ငန်းရှင် မိသားစုများထံမှ သိရသည်။
Dec 30,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အခြေခံပညာ ကျောင်းများ တွင် အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၇) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။