အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် နှစ်ရှည်ပင်စိုက်ပျိုးရေးအဖွဲ့မှ PPE ဝတ်စုံ ၃၅ စုံကို ယနေ့နံနက်ပိုင်းက လာရောက်လှုဒါန်းကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို အ.ထ.က မင်းလှ (မြို့တွင်း)၊ (မြို့ပြင်) ကျောင်းနှင့် အ.လ.က လမ်းမတော်တို့ကျောင်းတို့၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းများရှိ အားကစားကွင်းများ၌ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။
Dec 30,2021
(၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အကြို မြို့နယ်အဆင့်​ကျောင်း​ပေါင်းစုံ အားကစားပြိုင်ပွဲကို ယ​​မန်နေ့နံနက်(၈)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်‌ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ည‌နေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်‌ရေးအတွက် ကလိန်အောင်မြို့ အဝင်တံတားကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်‌တော်ယာဉ် များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။