မိုင်းယောင်း ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်များအား ချပြ ရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်က ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမိုင်ခမ်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက်များအား ပရိုဂျက်တာနှင့်တကွ အကျယ်တဝင့် ရှင်းလင်းခဲ့သည်။
ထို့နောက် တက်ရောက်လာသူတို့က သိရှိလိုသည်များကို မေးမြန်းရာ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ် ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စုများထံသို့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ ပြုကျင့်မှုများအပေါ် စုံစမ်းတွေ့ရှိချက် မှတ်တမ်းစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း