အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာ၌ အသက်(၄၅)နှစ် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ယမန်နေ့ နံနက် ၉ နာရီခန့် ကနောင်ပစ်ဘုန်းတော်ကြီး ကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
Dec 31,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို  ယမန်နေ့မွန်းလွဲပိုင်းက ၊ရွှေမင်းဝံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
Dec 31,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင် ရန်အတွက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား နေ့စဥ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် လမုတန်းရပ်ကွက် အထက ( ၁ )ကျောင်းနှင့် နွယ်အေးရပ်ကွက် အလက (၄)ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Dec 31,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဦးတည် အုပ်စုများ ဖြင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အထက(၃)ကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 31,2021
သံတွဲခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ ကာလတို(၅)နှစ်စီမံကိန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ၃၀ရက် နေ့လယ်၂နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 31,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Dec 31,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၁)ကို ယမန်နေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 31,2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ချပြ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ရက်၊ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။