အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ၁၉၂၅ ဦးထိုးနှံပေး

ကျောက်တလုံး   ဒီဇင်ဘာ     ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ပစ်ကျေးရွာ၌ အသက်(၄၅)နှစ်အထက်ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ယမန်နေ့ နံနက် ၉ နာရီခန့် ကနောင်ပစ်ဘုန်းတော်ကြီး ကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံး ကြီးမြို့၊ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် နောင်ပစ်ကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကျောက်တလုံးကြီးမြို့အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမှ ထိန်းချုပ်ရန်အတွက် နောင်ခဲကျေးအုပ်စုနှင့် ကက္ကူကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စုတို့မှ အသက်(၄၅)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးတည်ရာအုပ်စုအလိုက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒီဇင်ဘာ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ စုစုပေါင်း (၁၉၂၅)ဦး ထိုးနှံပေးခဲပြီးကြောင်း ကျောက်တလုံးကြီး မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

( မြဝင်း ) ကျောက်တလုံးကြီး