အမြို့မြို့အနယ်နယ်သတင်းများ

May 07,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာသို့ သွားရောက်၍ အသားတိုး ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့ သည်။
May 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 06,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်ကြသော အထက(၅)၊ အထက(၄)၊ အထက(၁)၊ အထက(၂)၊ အထက(၃)နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အထက (ကျဉ်တောင်ကန်)နှင့် အထက(၃)တို့ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
May 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၁)ရက်နေ့က ကျရောက်ခဲ့သည့် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
May 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကိုကျင်းပသည်။
May 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ မြက်တို၌ ၂၀၂၁ ခုနှစ်၊ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အောက်ရှိ ခရိုင်/ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ ၂၀၁၄-၂၀၁၅ မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအား သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
May 06,2021
(၇၅)နှစ်မြောက် စိန်ရတု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်က ကျင်းပရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်းက  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် Video Clip အား ပြသခြင်း၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ (၈)ဦး၊ စံပြမီးသတ်စခန်းဆုများ၊ ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိခဲ့သည့် တပ်ဖွဲ့ဝင် (၁၅)ဦး တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
May 06,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင်တိုက်ခတ်ခဲ့သော မိုးသက် လေပြင်း ဒဏ် ကြောင့် သဘာ၀ဘေးသင့်ခဲ့သော မြို့ပေါ် လေးရပ်ကွက်၊ ကျေးရွာအုပ်စု လေးအုပ်စုရှိ အိမ်ထောင်စု၀င်များအား မေ ၆ ရက် နံနက် ၁၀ နာရီက မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ရေးပစ္စည်းများ လက်၀ယ်အရောက် ကွင်းဆင်းပေး အပ်ခဲ့ ကြောင်းသိရသည်။