သံတွဲမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ ကာလတို(၅)နှစ် စီမံကိန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သံတွဲ ဒီဇင်ဘာ ၃၁

သံတွဲခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စီမံကိန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ ကာလတို(၅)နှစ်စီမံကိန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ၃၀ရက် နေ့လယ်၂နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ကော်မတီအတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်က နှစ်စဉ်စီမံကိန်းနှင့် ကာလတို(၅) နှစ်  စီမံကိန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဌာနတစ်ခုချင်းအလိုက် မြို့နယ်တစ်ခုချင်း၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များအား ဆွေးနွေးအတည်ပြုကြသည်။ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ ကာလတို(၅)နှစ် ဌာနတစ်ခုချင်းအလိုက် မြို့နယ်တစ်ခုချင်း၏ ရင်းနှီး မြှုပ်နှံမှု အစီအစဉ်များကို ဆက်လက်ဆွေးအတည်ပြုကြပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးဝင်းဗိုလ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)