အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံရှိ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် မိဘပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင်  အသက်(၁၂) နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စတုတ္ထအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့က အထကကျောင်း(ဟိုပန်) စုရပ်​နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့သည်။
Dec 31,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာပေါင်းစုံအသက် (၂၅)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးအားကစားကွင်း၌ပြုလုပ်ကျင်းပသည်။
Dec 31,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများနှင့် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူများအား ဒီဇင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်မှစ၍  ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ရာ ယင်းနေ့အထိ စုစုပေါင်း လူဦးရေ(၂၂၅၄၀)ဦးကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးထိုးနှံ‌ပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
Dec 31,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့သည်။
Dec 31,2021
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူ လူထုအားပန်းခင်းစီမံချက် အသိပညာပေး ဟောပြောပွဲနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြာနီကန် ရပ်ကွက်သာသနာ့ဗိမာန်တွင်ကျင်းပပြုလုပ်ခဲ့သည်။
Dec 31,2021
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ လုပ်ငန်းခွင် ပြင်ပမတော်တဆ ထိခိုက်ဒါဏ်ရာရ၍ သေဆုံးသူအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံး ငွေရင်းနှင့် နာရေးစရိတ် ငွေကျပ်စုစုပေါင်းငွေကျပ် (၂၁) သိန်းကျော် ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် Dong Long အထည်ချုပ်စက်ရုံ၌ ပြုလုပ်ခဲ့သည်။
Dec 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်း(၁)တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။