ပွင့်ဖြူ ဒီဇင်ဘာ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲမသမာမှု တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်စာအုပ်အား ချပြ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ရက်၊ ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းပြီး ချပြရှင်းလင်းဆွေးနွေးပြီး ထွေ/အုပ်ဝန်ထမ်းများအနေ ဖြင့် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ပါတီနိုင်ငံရေးကင်းရှင်းစွာ တာဝန်ထမ်းဆောင်ကြရန်နှင့် လုပ်ငန်းများအောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီး မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက် စာအုပ်ပါ အကြောင်းအရာများတွင် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
ရဲဝင်းနိုင် (ညောင်ဦး)