မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ  ဒီဇင်ဘာ ၃၁

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဦးတည် အုပ်စုများ ဖြင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အထက(၃)ကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်( ၁၂ )နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများမှ ဖြည့်စွက်ပေးသည့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အတွက် မိဘ အုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက် အထောက်အထားများပြည့်စုံမှု ရှိ / မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းစေခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထား ရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီး နောက်နာရီဝက်ခန့် စောင့်ကြည့်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပါသည်။

မင်္ဂလာဒုံမြို့နယ်၊အထက(၃)ကျောင်းတွင် ပညာသင်ကြားနေသောအသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၃၄)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သန္တာ(ပြန်/ဆက်)