Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းနောင် အထကကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစား ပြိုင်ပွဲများပြုလုပ်ကျင်းပ
Dec 31,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက စတင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Dec 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ကျောင်းသား၊ ကျောင်းသူများလက်ဝယ်သို့ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask)များ (အခမဲ့)ဖြန့်ဝေ
Dec 31,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ အမှတ်(၃)ဈေးရပ်ကွက်၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်က လမ်းသွား လမ်းလာ ပြည်သူများနှင့် အမ္ဗနဒီဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show ထုတ်လွှင့် တင်ဆက်ပေး
Dec 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) Talk Show အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန ကြည့်မြင်တိုင်မြို့နယ်ရုံးတွင် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre၌ အိမ်တွင်းလက်မှုပညာ သင်တန်းကျင်းပ
Dec 31,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပသော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးလူငယ်၊လူရွယ်များ အိမ်တွင်းမှုအတတ်ပညာများ ကျွမ်းကျင်စွာ တတ်မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှုလုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်အတွက် ယမန်နေ့နံနက် ၁၀နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ပန်းကြယ်သီးထိုးနည်းသင်တန်းကို ကျင်းပရာ မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူအမျိုးသမီးငယ်များ တက်ရောက်သင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဖိတ်ခေါ်ဆောင်ရွက်မှုပြုလုပ်
Dec 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် နံနက် ၁၀ နာရီ မှ ၁ နာရီအချိန်အထိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော် ဦးစီးပြီး ပန်းခင်းစီမံချက်ဖြင့် အလတ်ချောင်း ရပ်ကွက်နေ ပြည်သူများအား သာဓုအနောက်ရပ်ကွက်၊ ပြည်လုံးချမ်းသာကျောင်းတိုက်၊ ပညာရောင်ခြည်ခန်းမသို့ ဖိတ်ခေါ်၍ အိမ်ထောင်စု လူဦးရေစာရင်း (၅)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်သူ (၆)ဦး၊ မိတ္တူ (၈)ဦး၊ စုစုပေါင်း (၄၇) ခု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
အင်တောမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစား ပြိုင်ပွဲကျင်းပ
Dec 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့အခြေခံအထက်တန်းကျောင်းတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင်စီမံကိန်း ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်
Dec 31,2021
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေ ရရှိရေး မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက် မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် မိုးကောင်းသောက် လယ်မြေဧက(၂၀၀)အား တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23321
Page
23322
Page
23323
Page
23324
Current page
23325
Page
23326
Page
23327
Page
23328
Page
23329
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department