အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2021
လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား ပိုမိုသိရှိစေရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင် များကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူနှင့်၊ ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော် ခြင်းများကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များသည် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့​ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 30,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း ကာယ/ဉာဏ ပြိုင်ပွဲများကို ယမန်နေ့ မနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်လျက်ရှိသည်။
Dec 30,2021
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယစီးမှူးဒေါ်၀င်းအိမွန်နှင့် ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များအား မြို့လမ်းဆုံ၊ လမ်းမဖြတ်သန်းသွားလာသူပြည်သူများ၊ လက်ဖက်ရည်ဆိုင်နှင့်​ စျေးဆိုင်ခန်းများရှိ ပြည်သူ့များထံ သွားရောက်ဖြန့်ဝေပေးခဲ့သည်။          
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Dec 30,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်သာယာ (အနောက်ပိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက(၂)၊ အထက(၃)၊ အထက(၇)၊ အထက(၈)၊ အထက(၁၉)၊ အထက(၁၂)အပြင်ပဒံ၊ ထခွဲလ(၁၈)တို့ တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။