အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2022
၂၀၂၂ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား လားရှိုး မြို့ ရပ်ကွက် (၁၂) ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့ နံနက် (၉) နာရီအချိန်က စတင် ကျင်းပကြောင်း သိရှိရသည်။
Jan 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကိုဖျာပုံ
Jan 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် အသိပညာဗဟုသုတများ တိုးပွားကာ ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ပါသည်။
Jan 01,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာန္ဒာစေတီတော်မြတ်ကြီး၌ ကျင်းပသော အသံမစဲ မဟာပဠာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဠာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် မြတ်ကြီးအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ဖူးမြော်ပူဇော် ကြသည်။
Jan 01,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု မအူပင်ဆိပ်ကျေးရွာ ဘက်စုံသုံးခန်းမဆောင်၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အသက်မွေးကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။