ကျောက်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ကြီး ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု မအူပင်ဆိပ်ကျေးရွာ ဘက်စုံသုံးခန်းမဆောင်၌ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ယနေ့နံနက် ၁၀ နာရီက အသက်မွေးကျောင်း အထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဇော်လင်းထွန်း တက်ရောက်အမှာစကားပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းရီ ကကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း အထောက်ကူပြုသင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းများမှ ကျေးလက်ဒေသ မိသားစုများ ဝင်ငွေတိုးပွားဖို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊  မွေးမြူရေးများ ဆောင်ရွက်ဖို့ အတွက် ကျေးရွာနေပြည်သူများ ကိုယ်တိုင်စီမံခန့်ခွဲသည့် အရင်းအနှီးတစ်ခု ထူထောင်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေနှင့် ဒေသနှင့်ကိုက်ညီမည့် အခြေခံအသက်မွေးဝမ်းကျောင်း အထောက် ကူပြု သင်တန်းများကို ရရှိသည်ရန်ပုံငွေပေါ် မူတည်၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။  ဆက်လက်၍ သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်ယွန်းစံက အခြေခံစက်ချုပ်သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား (၂၅) ဦး တက်ရောက်ပြီး ဇန်နဝါရီ (၁) ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လအကြာ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)