အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်လူစည်ကာရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 01,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီ ၁ ရက်၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jan 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊အမှတ်(၆)ရပ်ကွက်၊ ဘူတာဆင်းလမ်းရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များ အား(တတိယအကြိမ်) ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ယမန်နေ့ည ၇ နာရီက (၂၃) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ဒုံးယိမ်းအကပြိုင်ပွဲ အခမ်းအနား ကျင်းပခဲ့ သည်။
Jan 01,2022
စဉ့်ကိုင်မြို့နယ်တွင် (တစ်နှစ်ခွဲ ) အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Jan 01,2022
မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန်ပြန့်သိရှိရေန် အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 01,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် Online ဝန်ဆောင်မှု စနစ်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။