အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါင်းရွာကျေးရွာအုပ်စု၊ ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် (၄)လက်မ PVC စက်ရေတွင်းတစ်တွင်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက် ၆ လတာကာလအတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
Jan 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၄၁၃၂၀ ဦးထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Jan 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှု လျော့နည်းစေရေးအတွက် ကျေးလက်လမ်းတံတားများ ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့်  ငါးမြွေကုန်း-ထုံးဘိုကျေးရွာချင်း ဆက်လမ်း ပေါ်၌ Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း က  ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis)ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
Jan 02,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းဘူး ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့နံနက် ၉ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။
Jan 02,2022
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။