အမြို့မြို့အနယ်နယ်သတင်းများ

May 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတများပြုန်းတီး မှုမရှိစေရန် ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အညီ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်ရေးနှင့် ဧရာဝတီလင်းပိုင် စောင့်ရှောက်ထိန်းသိမ်းသည့်လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ၏၂၀၂၀-၂၀၂၁ဘဏ္ဍာ ရေးနှစ်၊ငွေလုံးငွေရင်းအသုံးစရိတ်ရန် ပုံငွေဖြင့် ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ် များအတွင်းငါးသယံဇာတနှင့်ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအတွက် DOF SGG (001)နှင့် SGG(002)ရေယာဉ်နှစ်စီးကို ဆောက်လုပ်ခဲ့ကြပြီး ကွင်းဆင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
May 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာအောင်သင်းရေးသားသော "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
May 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာအောင်သင်းရေးသားသော "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ"စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
May 19,2021
ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် ဒေါ်လန်းကျေး ရွာအုပ်စု၊ အလယ်ရွာနှင့် မြလေကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတို့တွင် ယနေ့ နံနက်ပိုင်းက ပထမ အကြိမ် စီမံကိန်းချေးငွေ ထုတ်ချေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ရတနာပုံ (အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်တည်ဆောက်မည့် စက်မှုလုပ်ငန်းသုံး အီသနောစက်ရုံနှင့်ပတ်သက်၍ Bing industries Ltd/ Yatsauk Land Co.,Ltd မှလာရောက်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီး မြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
May 19,2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဟင်္သာတမြို့နယ်ရှိ ဧရာဝတီ-ဟင်္သာတတာနှင့် ဟင်္သာတကမ်းနားတာ အတွင်း ဖြတ်တာအသစ် တည်ဆောက်ခြင်းနှင့် ဖောင်ဆိပ်ကျေးရွာကမ်းထိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
May 19,2021
နေပြည်တော်ကောင်စီကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
May 19,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြှင့် နည်းပညာသုံး စံပြကျေးရွာ၊ မိုးစပါးစံပြကွက်နှင့် မျိုးစေ့ထုတ်စိုက်ခင်းများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုံးကြဲပတ်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်သူ ဦးကျော်ကျော်၏ လယ်ယာမြေ (၁၀)ဧကတွင် ဆောင်ရွက်သည်။