ပန်းတနော်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ ကျင်းပ

ပန်းတနော် ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၄) နှစ်မြောက် လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သီတာခိုင်က (၇၄) နှစ်မြောက် လွပ်လပ်ရေး နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစစ်ယုန်က ပန်းတနော်မြို့ အ.ထ.က (၁) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား  အသိပညာဗဟုသုတ တိုးပွားလာစေရန် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအကြောင်းအရာများ၊ အမျိုးသားညီညွတ် ရေး၊ လွပ်လပ်ရေးကို ကာကွယ်ရမယ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်( ၄)ရပ် စသည့် အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)