အမြို့မြို့အနယ်နယ်သတင်းများ

May 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့ပြီးနောက် ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ကို မေလဆန်းမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
May 19,2021
မေလ ၁၀ ရက် ၊ ည ၉ နာရီခွဲခန့်က ဘဝနတ်ထံစံလွန်တော်မူသွားသည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာ သင်တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဘဒ္ဒန္တဓမ္မာနန္ဒ၏ သာဓုကီဠန အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းစာသင်တိုက် စံကျောင်းတော်နှင့် ညနေ ၃ နာရီတွင် ရုပ်ကလာပ်တော်ကို ရေဝေးသုသာန်သို့ ပင့်ဆောင်ပြီး အဂ္ဂိဈာပန လောင်တိုက်သွင်းပူဇော်သည့် အခမ်းအနားများကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။
May 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့ကျောင်းလမ်းတွင် တည်ရှိသော စစ်ကိုင်း စာသင် တိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ဘုရားကြီးဘဒ္ဒန္တဓမ္မနန္ဒ (သက်တော် ၈၆)နှစ် ဝါတော်(၆၆) ဝါ၏ အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားပြုလုပ်သေ
May 19,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဦးအောင်ကြည်သိန်းနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများတို့သည့် ယမန်နေ့မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် စည်ပင်သာယာ ရေး အဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
May 19,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်း အဝေး ကျင်းပ ခဲ့သည်။
May 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် လမ်းသွားလမ်းလာ ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ၍ သွားလာနေထိုင်ကြရန် Mask Campaign အသိပညာပေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြိတ်တောင်ကျေးရွာ အောင်မင်္ဂလာဈေးအရှေ့ အောင်ဆန်းလမ်းမတွင် ဆောင်ရွက်ခဲ့ ကြသည်။
May 19,2021
သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းသည် မိရိုးဖလာ ရိုးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာအရ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ မပါမဖြစ်သော အသုံးအဆောင် ပစ္စည်းဖြစ်၍ နိုင်ငံခြားမှ တင်သွင်းလာသော ဖယောင်းပုဆိုး၊ လီနိုလီယမ်စသော ကြမ်းခင်းပစ္စည်းများ မည်သို့မျှပင်လှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ထားသိုရန်လွယ်ကူခြင်း၊ တန်ဖိုးမများပဲ အသုံးခံခြင်းမရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်သားများသည် သင်ဖြူးဖျာကို ယနေ့တိုင်စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြသည်။
May 19,2021

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နွေရာသီ ၌ သဖန်းဆိပ်ဆည်ရေမှ စိုက်ပျိုး ရေ ပေးဝေနိုင်ခြင်းမရှိသော်လည်း ဒေသခံ တောင်သူ များအနေဖြင့် မြေအောက်ရေတွင်းများတူးဖေါ်ကာ နွေနှမ်း များကို အင်တိုက်အားတိုက် စိုက်ပျိုးရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ( ၄၈) အုပ်စု တွင် ( ၄၅၂၉၇) စိုက်ပျိုး ထားရှိပြီး အဆိုပါနွေနှမ်းများ စိုက်ပျိုး အောင်မြင် လျက်ရှိ ကြောင်း ဒေသခံတောင်သူများထံက သိရသည်။