နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်သည် ပန်းတနော်မြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ မြိုမိမြို့ဖများနှင့် တွေ့ဆုံ

ပန်းတနော် ဇန်နဝါရီ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်သည် ယနေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊​ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ အား တွေ့ဆုံခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပန်းတနော်မြို့တွင် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ရရှိရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်မှ ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် မြို့မိမြို့ဖ များက မိမိတို့မြို့ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ လူမှုစီပွားဖွံ့ဖြိုးတိုး တက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)