လားရှိုး ဇန်နဝါရီ ၁
၂၀၂၂ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား လားရှိုး မြို့ ရပ်ကွက် (၁၂) ပြည်ထောင်စုအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့ နံနက် (၉) နာရီအချိန်က စတင် ကျင်းပကြောင်း သိရှိရသည်။
လားရှိုးမြို့နယ်ရှိ ကလပ်ပေါင်းစုံ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ စီစဉ်မှုဖြင့် လားရှိုးမြို့ အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးဆောင်ရွက်ကာ လားရှိုးမြို့၌ ရှိသော ကလပ်အသင်းများမှ ပြိုင်ပွဲဝင် ကလပ်အသင်း(၂၀)သင်း ပါဝင်ယှဉ်ပြိုင် လျက်ရှိနေကြာင်း သိရှိရသည်။
ယခုယှဉ်ပြိုင်မှုများမှ အနိုင်ရရှိသော ကလပ်အသင်းများကို ပထမဆု (၂) သိန်းကျပ်၊ ဒုတိယဆု (၁) သိန်းကျပ်နှင့် တတိယဆု (၅) သောင်းကျပ်တို့အား ဇန်နဝါရီလ(၄)ရက်နေ့၌ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံက သိရှိရသည်။
ထို့ပြင် အဆိုပါ ဇန်နဝါရီလ (၄) ရက်နေ့၌ လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၌ပင် ရပ်ကွက် (၁၂) ရပ်ကွက်ပြိုင်ပွဲ ဝင်မှ အသင်းများပါဝင်ကာ လွန်ဆွဲပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဟန်ဌေး