ထီးချိုင့်မြို့နယ် Community Centre ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆေးရောင် ခြယ်ပြိုင်ပွဲကျင်းပ

ထီးချိုင့်  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre  ခန်းမတွင် အသိပညာဗဟုသုတများ တိုးပွားကာ ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့နံနက် () နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်လဲ့လဲ့ခိုင်က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ကလေးများ ဉာဏ်စွမ်းရည် တိုးတက်လာစေရန်၊ ပြင်ပဗဟုသုတများစွာရှာဖွေပြီး လက်တွေ့ဘဝတွင် အကျိုးရှိစွာ အသုံးချ တတ်သည့် အလေ့အထရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများ အား ဒေါ်လဲ့လဲ့ခိုင်မှ ဆုများပေးအပ်ခဲ့ကြောင်း သိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)