ဖျာပုံမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲပြုလုပ်

ဖျာပုံ      ဇန်နဝါရီ      

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကိုဖျာပုံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန    (Community  Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်   အညီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောရာတွင်ကျောင်း ဆရာမဒေါ်မြသက်မှ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်း များစသည့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)