ဘူးသီးတောင် ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ဘူးသီးတောင်မြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိ ပညာပေးခြင်းနှင့် ယာဉ်များစနစ်တကျထားရှိနိုင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဦးကျော်ကျော်အောင်က ပြည်သူများအနေ ဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်၊ ဒီလမ်းမကြီးဟာ အင်မတန် အသွား/အလာရှုပ်ထွေးတဲ့လမ်းဖြစ်တာကြောင့် မိဘပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်အသုံးပြုသူများအနေဖြင့် ယာဉ်တွေကို စနစ်တကျ မောင်းနှင်းကြရန်နှင့် စနစ်တကျရပ်နားထားကြရန် လိုအပ်ကြောင်း၊ လမ်းဧရိယာလွတ်တဲ့ အထိရပ်ထားခြင်းကြောင့် လမ်းအသွားအလာ ပြည်သူလူထုများအနေဖြင့် စိတ်ချမ်းမြဲစေပြီး ယာဉ်အန္တရာယ် ကင်းရှင်းမှာဖြစ်ပါကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းသို့ ဘူးသီးတောင်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးကြီး မြတ်မင်းမိုးမှ သွားရောက်အားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)