အမြို့မြို့အနယ်နယ်သတင်းများ

Jan 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ် (၁၀၁၁) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့  ၂၀၂၂-ခုနှစ်  နှစ်သစ်ကူး အထိမ်းအမှတ် နည်းဗျူဟာမှူးဒိုင်း ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က မန်လုံရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့‌ပါသည်။
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပခဲ့ရာ ကျောင်းသား/ သူလေးများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ်  မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်) စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။ 
Jan 02,2022
ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူး​ပေါင်း ကာအားကစားနည်းများအလိုက် ဇန်နဝါရီ (၁) ရက်မှ (၄) နေ့ထိ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းကျောင်းဝင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ပွဲစဉ်ထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့် ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက်ကျင်းပ​ပေးသည်။
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့မြို့မ အလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာ တွင်(၉၀'×၃၀')RCC(၂)ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာပြီး စီးရန်(၁၀) ရာခိုင်နှုန်းသာလိုတော့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ အားကစားဝါသနာရှင်များပူးပေါင်း၍ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ မိုးညိုမြို့၊ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Jan 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 02,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပလျက် ရှိကြောင်းသိရသည်။