(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပ

ယင်းမာပင်  ဇန်နဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့တွင် ပြိုင်ပွဲများ ပြုလုပ်ကျင်းပကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပြစ်၊ စားပွဲတင် တင်းနစ်၊ စစ်တုရင်ပြိုင်ပွဲနှင့် ဘိလိ ယက်ပြိုင်ပွဲများ ပြုလုပ်ကျင်းပပြီး ဆုရရှိသူများကို (၇၄)နှစ်မြောက် လွတ်လက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် အားကစားပြိုင်ပွဲများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာပါသူများအတွက် ကျန်းမာပျော်ရွှင်စွာ အားကစားယှဉ်ပြိုင်ကစားနိုင်ရေးအတွက်  အားကစားပြိုင်ပွဲများ ပူးပေါင်းကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)