(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ခရိုင်အဆင့် အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်   ဇန်နဝါရီ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်ခရိုင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ခရိုင်အဆင့် အားကစားပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့က ပြိုင်ပွဲများ ပြုလုပ်ကျင်းပကြောင်း သိရသည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူများကျန်းမာပျော်ရွှင်စေရန် လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲများအဖြစ် အားကစားပြိုင်ပွဲများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  ပြုလုပ်ကျင်းပပေးခြင်းဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ခရိုင်အဆင့် အားကစားပြိုင်ပွဲများတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို မြို့နယ်ပြည်သူ့ အားကစားကွင်းနှင့် ခရိုင်စုပေါင်းရုံးဝန်းတို့တွင်ပြုလုပ်ကျင်းပပြီး ဆုရရှိသည့် အသင်းများကို (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)