စေတုတ္တရာမြို့နယ်တွင် (၇၄ ) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို  အားကစားပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ   ဇန်နဝါရီ    ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို မြို့နယ်  အာကစားနှင့် ကာယ ပညာဦးစီးဌာန  အာကစားကွင်း၌ ယမန်နေ့ နံနက် ၉ နာရီက  ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းသို့ ကျင်းပပြုလုပ်ရာတွင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးထွန်းခင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များက မြို့နယ် အားကစားကွင်း၌  ဘောလီဘောပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊  ဖူဆယ်  Foodball ၊ မီတာ ၁၀၀ ၊ မီတာ ၂၀၀  အပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်နေခြင်းများကို လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

စေတုတ္တရာမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကို မြို့နယ်  အာကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပြိုင်ပွဲများအား  ဇန်နဝါရီ (၁) ရက်နေ့မှ (၄) နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသူများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်  ဆုများအား အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် အာကစားနှင့် ကာယပညာဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်စိုးလင်းထံမှ သိရသည်။

ဇော်ဇော်အောင်(ပြန်/ဆက်)