မောင်တော ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယနေ့ နံနက်(၀၁:၄၀)အချိန်က လသာကျေးရွာအုပ်စု ၊ လသာအောက်ရွာ၌ နေအိမ်(၄)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့၊ လသာကျေးရွာအုပ်စု ၊ လသာအောက်ရွာရှိ နေအိမ်များမီးလောင်မှုဖြစ်ပွား နေကြောင်းသတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူ ဦးသန့်ဇင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂း၃၀ အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ မီးလောင်မှုကြောင့် (ဓနိမိုး ၊ ဝါးထရံကာ ၊ မြေစိုက်) နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)