ပေါင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ပေါင်  ဇန်နဝါရီ  ၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ ရဲတပ်ဖွဲ့၊ မြေစာရင်း၊ လျှပ်စစ်နှင့်မီးသတ်ဦးစီးဌာနတို့မှ (၃)သင်းအုပ်စုပတ်လည်စနစ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဗိုလ်လုပွဲတက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းနှင့်လျှပ်စစ်ဌာန ကိုယ်စားပြုအသင်းတို့ယှဉ်ပြိုင်ကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ကိုယ်စား ပြုအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုပေးပွဲဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများမှ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ ဆုရရှိသောအသင်းများကို ဂုဏ်ပြုဆုပေးအပ်ချီး မြှင့်ခဲ့ကြသည်။

အလားတူ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပေါင်မြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများတွင် ဟောပြောပွဲနှင့်အားကစားပြိုင်ပွဲများကို ပညာရေးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့မှ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)