ဟုမ္မလင်း လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis) ပြိုင်ပွဲကျင်းပ

ဟုမ္မလင်း   ဇန်နဝါရီ   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis)ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis)ပြိုင်ပွဲတွင် အလွတ်တန်း တစ်ဦးချင်း(၁၉)ဦး၊ အလွတ်တန်းနှစ်ယောက်တွဲ(၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး အနာဂတ်တွင် ထူးချွန်သောအားကစားသမားများ ပေါ်ထွန်းလာစေရေး၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရေး၊ တိမ်မြုပ်နေသော အားကစားနည်းများ ပြန်လည် သက်ဝင်လှုပ်ရှားလာစေရေးတို့အတွက် ရည်ရွယ်၍ စားပွဲတင်တင်းနစ်(Table Tennis) ပြိုင်ပွဲ ကို ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စားပွဲတင်တင်းနစ်(Table Tennis) ပြိုင်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ၂၀၂၂ ခုနှစ်၊ ဇန်ဇဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့၌ ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကာမှူးထံမှ သိရသည်။

ဧဆက်(ဟုမ္မလင်း)