ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတစ်စင်း ဆောက်လုပ်ပေး

ကျောက်ဆည်   ဇန်နဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေးအတွက် ကျေးလက်လမ်းတံတားများ ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့်  ငါးမြွေကုန်း-ထုံးဘိုကျေးရွာချင်း ဆက်လမ်းပေါ်၌ Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ တံတားအား ခွင့်ပြုရန်ပုံငွေကျပ်(၆)သန်းအကုန်အကျခံကာ အရှည်(၅)၊ အကျယ်(၂၄)ပေ၊ အမြင့် (၅)ပေ ဆောက်လုပ်ခြင်းဖြစ်ပြီး သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူကာ ဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားပြီးစီးသွားပါက ကျေးရွာ(၃)ရွာမှ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်း လွယ်ကူစွာ ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်တော့မည့်အပြင်  အိမ်ခြေ(၆၁၅)အိမ်၊ လူဦးရေ (၂၇၉၃) ဦးတို့၏  လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများ လည်းများစွာ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)