ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ရေတာရှည်   ဇန်နဝါရီ    

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ခွဲ၍ ကျင်းပဖြေဆိုခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)