အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
၂၀၂၁-၂၀၂၂ ခုနှစ် ငါးပုစွန်မျိုးစိုက်ရာသီအတွက် သဘာဝရေပြင်အတွင်းသို့ ငါးပုစွန်မျိုး စိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ အနီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပြီး ရေငန်ပုစွန်မျိုးများ စိုက်ထည့်ပေးသည်။
Jan 03,2022
‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယ‌နေ့နေ့လည် (၁၂)နာရီက မြို့နယ်ရုံး ရှေ့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ များနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 03,2022
ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်အခြေ ခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်သူဗဟိုပြု ချဉ်းကပ်မှုနည်းလမ်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ VDP ဖြင့် သင်တောကျေးရွာတွင်း လမ်းများအား ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jan 03,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပသည်။
Jan 03,2022
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ပြည်သူများ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက မိုင်းယန်းမြို့နှင့် ဝမ်ယန်းရွာသွားလမ်းဘေးရှိ အမှိုက်စွန့်ပစ်မြေနေရာအား ပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။