အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများကြား လိုက်လံဖြန့်ဝေပေးခဲ့ ကြသည်။
Jan 03,2022
ရခိုင်ပြည်နယ်၊  ဘူးသီးတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင် ရာ အကြီးအကဲများပူးပေါင်းကာ အမှတ်(၁) ရပ်ကွက် အနောက်ကွင်းစျေး၌ ယနေ့နံနက်(၈)နာရီ အချိန်က လမ်းသွားလမ်းလာပြည်သူများနှင့် မြို့မစည်ပင်သာယာစျေးသို့ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့်ပြည်သူ့အကျိုးပြုစုပေါင်းသန်းရှင်းရေးဆောင်ရွက်ခဲ့သည်။
Jan 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့သည်။
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီက လူငယ်များ အစဉ်ထာဝရ မမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရပ်ကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲပြသခဲ့ကြောင်း သိရသည်။
Jan 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အကျဲကျေးရွာအုပ်စု၊ လွယ်ခေါကျေးရွာတွင် အသစ်ဆောက် လုပ်နေသည့် ပုဂ္ဂလိကပိုင် တိရစ္ဆာန်ဥယျာဉ်နှင့် အပန်းဖြေစခန်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့မဈေးနှင့် လူစည်ကားရာ နေရာများ၊ အ.ထ.ကကျောင်းတို့၌ ယနေ့နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
Jan 03,2022
၂၀၂၁-၂၀၂၂ ခုနှစ် ငါးပုစွန်မျိုးစိုက်ရာသီအတွက် သဘာဝရေပြင်အတွင်းသို့ ငါးပုစွန်မျိုး စိုက်ထည့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာ အနီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပြီး ရေငန်ပုစွန်မျိုးများ စိုက်ထည့်ပေးသည်။