လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ တောင်ငူ၌ကျင်းပ

တောင်ငူ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက ပြိုင်ပွဲကျင်းပရခြင်း​၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄)ဦးက ကိုယ်ဟန် အမူအယာ များဖြင့်ပုံပြင်အသီးသီးအား ယှဉ်ပြိုင်ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ၌ ကျောင်းသား ကျောင်းသူ (၉) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပရာပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့တွင် ဆုရရှိသည့် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု တို့အားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိများက ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲသို့ တက်ရောက်အားပေးကြသည့် ပြိုင်ပွဲဝင် ကလေးငယ်များ​၏ မိဘများက ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်