ကျိုက်လတ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၃

‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယ‌နေ့နေ့လည် (၁၂)နာရီက မြို့နယ်ရုံး ရှေ့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပ‌ပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပေးခဲ့ပြီး အိတ်စွတ်ပြေးပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့သည်။

ဌေးဌေးလှိုင်