မိုင်းယုမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပြပွဲများ ပြုလုပ်

မိုင်းယု ဇန်နဝါရီ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ ပူးပေါင်းစီစဉ်ကျင်းပပြုလုပ်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

ရှေးဦးစွာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအားချာက အနာဂတ်တွင် တာဝန်ကိုယ်စီဖြင့် ကျရာနေရာတွင် တာဝန်ထမ်းဆောင် ကြရမည့်ဖြစ်ပြီး ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်သော စိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်လျက် လွတ်လပ်ရေးကို ရယူကြိုးပမ်းခဲ့ပုံ၊ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ် ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိသမိုင်းအကြောင်းများနှင့် ပြပွဲပြိုင်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ဟောပြောရှင်းလင်းခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲပြုလုပ်ခဲ့ရာ “လွတ်လပ်ရေးအောင်ပွဲ” ခေါင်းစဉ်ဖြင့် အခြေခံပညာ အလယ်တန်း အဆင့် ကျောင်းသားကျောင်းသူ (၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထဆုကို Grade-9မှ မနန်းမွေး မောက်ခမ်းက လည်းကောင်း၊   ဒုတိယဆုကို   Grade-9 မှ မနန်းပန်နှင့် တတိယဆုကို Grade-6 မှ မောင်ဇေယျာလင်းတို့က ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြင့် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့က လေ့လာကြည့်ရှုမှတ်သား ကြပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)