Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များပူးပေါင်း အဖွဲ့မှကွင်းဆင်း ဆောင်ရွက်ပြီး ဒေသခံပြည်သူများအားအခမဲ့ဆေးကုသပေး
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်၈နာရီက မင်းလှမြို့နယ်အတွင်းရှိ ဈေးကြီးကျေးရွာ၊ မြို့သစ်ကျေးရွာနှင့် သပြေပင်ကျေးရွာများတွင် ကျေးရွာနေ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးပြီး ဒေသခံပြည်သူများအားအခမဲ့ဆေး ကုသပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 07,2022
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့မွန်းလွဲ ၁ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) အပါအဝင် ရောဂါပိုး ကာကွယ်ရေး အသိပညာပေးခြင်းကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ဆက်လက်ထိုးနှံပေး
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဘုတ်ဆုံမပညာဒါနကျောင်းဆောင်တွင် ဒုတိယအကြိမ် ရောဂါကာ ကွယ်ဆေး ထိုးနှံရမည့်သူများကို ထိုးနှံးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြု အထိမ်းအမှတ်ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေးအစည်းအဝေး (၂/၂၀၂၂) ပုသိမ်…
Jan 07,2022
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးကိုယ်စားပြု အထိမ်းအမှတ်ယာဉ်နှင့် ဖျော်ဖြေရေးအဖွဲ့များ စေလွှတ်နိုင်ရေး အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက “၂၀၂၂ခုနှစ်၊ ပြည်ထောင်စုနေ့ သည်(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သဖြင့် မိမိတို့နိုင်ငံအနေဖြင့် ဤကဲ့သို့သော အခမ်းအနားများ ဆောင်ရွက်ခြင်းသည် ပထမဆုံးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ကို အထွဋ် အမြတ်ထားသည့် အခမ်းအနားဖြစ်သည်အတွက် အတတ်နိုင်ဆုံး
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ ဦးစီးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပျဉ်းပင်လှကျေးရွာ မိုးကောင်း ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါဇာမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များအား မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်
Jan 07,2022
မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်"အိုမီခရွန်" ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 07,2022
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ သစ်အိုမီခရွန်ရောဂါကြိုတင် ကာကွယ်ရေး အတွက်ယမန်နေ့ ညနေပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များ၌ အသံချဲ့ စက်ဖြင့် အသိပညာပေးလိုက်လံနှိုးဆော်သည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Jan 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23257
Page
23258
Page
23259
Page
23260
Current page
23261
Page
23262
Page
23263
Page
23264
Page
23265
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department