Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဲကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေး
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၄)ရပ်ကွက်နှင့်၊ အမှတ်(၁၀) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး
Jan 07,2022
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်( ၉ )နာရီက ကွမ်းမိုးဒိန်း ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ / ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်(၈)နာရီ အချိန်က ရပ်ကွက်များ အတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Jan 07,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြု ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်းက ယန်းခမ်းကျေးရွာနှင့် ဝမ်လုံးကျေးရွာတို့၌ ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးသင့် အိမ်ထောင်စုအား မကွေးတိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှနှင့် အဖွဲ့သွားရောက်ထောက်ပံ့
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ကျောက်ချက်ကျေးရွာ ဆရာတော်ဘုရားထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စာရေးဆရာ သံလွင်မြင့်၏ “ကိုယ်စီတန်ဖိုး” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23256
Page
23257
Page
23258
Page
23259
Current page
23260
Page
23261
Page
23262
Page
23263
Page
23264
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department