တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တန့်ယန်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကံရှိန်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် ဒိုင်အဖွဲ့တို့က ကြီးကြပ်၍ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းနားတွင် ဆုများ ပေးအပ်ချီးမြှင့်ကြမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)